Posts
(၁၅ ) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖိတ်ကြားလွှာ ———————————————————  မြန်မာနိုင်ငံသားများထေရဝါဒ ဗုဒ္ဓဘာသာအသင်း(နော်ဝေ)မှ ၁ရ ရက်၊ အောက်တိုဘာလ ၂၀၁၉ ခုနှစ် ( မြန်မာ သက္ကရာဇ် ၁၃၈၁ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ စနေနေ့) တွင် မြတ်ဗုဒ္ဓနှင့် သံဃာတော်များအား အမှူးထား၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါသည်။ (၁) နံနက် ၁၀း၃၀။ မြတ်ဗုဒ္ဓကို ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ (၂) နံနက် ၁၁း၁၅။ ပင့်သံဃာတော်( ရ ) ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ (၃) နေ့လည် ၁းဝဝ။ ကထိန်သင်္ကန်းကပ်လှူခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ပရိတ်တရားတော်များနာယူခြင်း နှင့်ရေစက်ချ အမျှပေးဝေခြင်း၊သို့ဖြစ်ပါ၍ ဓမ္မမိတ်ဆွေများအနေဖြင့် ကထိန်သင်္ကန်းနှင့်တကွ လှူဖွယ်ဝထ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းနိုင် ကြပါသည်။ ကျောင်းပဒေသာပင်တွင်ဝတ္ထုငွေနှင့်ပစ္စည်းများပါဝင်လှူဒါန်းလိုသူများလိုအပ်သည့်ငွေစက္ကူများလဲလှယ်ခြင်းနှင့်ပစ္စည်းထုတ်ပိုးခြင်းများကိုအိမ်မှအဆင်သင့်ပြင်ဆင်လာကြရန်နှင့်.. မိမိတို့၏ နေအိမ် များမှ ဆွမ်း…
ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားရ ( Invitation of Waso Festival)
ဗုဒ္ဓဘာသာဝင်အပေါင်းတို ့ခင်ဗျား။ဗုဒ္ဓဘုရားရှင်နှင့်သံဃာတော်များအား အမှူးထား၍ မြန်မာနိုင်ငံသားများထေရဝါဒ ဗုဒ္ဓဘာသာအသင်း (နော်ဝေ)မှ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်။ဘုရားရှင်အား ဆွမ်းတော်ကပ်လှူ ခြင်း၊ သံဃာတော်(၃)ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ရေစက်ချ အမျှပေးဝေခြင်း စသည့် အစီအစဉ်များကိုကျင်းပမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သဒ္ဓါကြည်လင် စေတနာရှင်များအနေဖြင့် လှူဖွယ်ဝထ္ထုများ၊ ဆွမ်း၊ ခဲဖွယ် ဘောဇဉ် ၊ ချိုချဉ်ရသာ အဖြာဖြာကို ယူဆောင်လာ၍ သံဃာတော်များအား ဆက်ကပ် လှူဒါန်းပြီး၊ ဧည့်ပရိတ်သတ်များအားလည်း ကျွေးမွေးအလှူဒါနပြုနိုင်ပါသည်။ကျင်းပမည့်နေရာနှင့် နေ ့ရက် ၊ အချိန်ရက်စွဲ။ ။ ရ .၀၇.၂၀၁၈ (စနေနေ ့)အချိန်။ ။နံနက် ၁၀နာရီ တိတိတွင်စတင်မည်ဖြစ်ပါသည်။နေရာ။ ။ ဓမ္မသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊Uknavegen 111, 2040 Kløfta, Ullensaken Kommune. ဆက်သွယ်ရန်။ ။ ဦးဝိသုဒ္ဓ (၉၅၀၀၉၆၉၃)၊ ကုုိမြင့်အောင် (၉ ၄၉ ရ၁၅၈၈)လမ်းညွှန်---- Oslo/ Drammen ဘက်မှ လာသူများသည်၊ Dal ရထားကိုစီး၍ Kløfta ဘူတာတွင်ဆင်းပါ။Hamar/Lilehamar ဘ…
ကဆုန်လပြည့်နေ့ အခန်းအနား ဓါတ်ပုုံများ (၂၀၁၈ )
Image
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြားလွှာ
13,May, 2018 မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ခင်ဗျား။
ဗုဒ္ဓဘာသာအသင်း(နော်ဝေ)မှ ကဆုန်လပြည့် ဗုဒ္ဓနေ့  အခမ်းအနားကို အစဉ်
အလာမပျက် ကျင်းပမည် ဖြစ်ပါသည်။
အခမ်းအနား အစီအစဉ်မှာ ဘုရားရှင်အား ဆွမ်းတော်ကပ်လှူ ခြင်း၊
သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊
တရားတော်များ နာယူခြင်း၊ ရေစက်ချ အမျှပေးဝေခြင်း စသည့် ဘာသာရေး
စေတနာရှင်များအနေဖြင့် လှူဖွယ်ဝထ္ထုများအား ဆက်ကပ်လှူဒါန်း ကုသိုလ်ဒါန
ပြုနိုင်ကြပါသည်။ မိမိတို့၏ နေအိမ်များမှ ဆွမ်း၊ ဆွမ်းဟင်း၊ ခဲဖွယ် ဘောဇဉ် ၊
ချိုချဉ်ရသာ အဖြာဖြာကို ချက်ပြုတ် ယူဆောင်လာ၍ သံဃာတော်များအား 
ဆက်ကပ် လှူဒါန်းပြီး၊ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအားလည်း 
ရက်စွဲ။ ။ ၂၀.၀၅.၂၀၁၈ (တနင်္ဂနွေနေ့ ) ၁၃၈၀ ခုနှစ် နယုန်လဆန်း (၆) ရက်။
လူငယ်များအတွက် Dhamma for Youth Program အကောင်ထည်ဖေါ်ဆောင်ရွက်မည်။
Image
28, April, 2018 လူငယ်များရဲ့ ဗုဒ္ဓဓမ္မ အသိပညာ တိုးတက်စေဖို့ အတွက် မြန်မာနိုင်ငံသားများ 
ထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း(နော်ဝေ) ကDhamma for Youth Program ကို 
ရေးဆွဲစီစဉ် နေတယ်လို့ သိရပါတယ်။ ဒီ Dhamma for Youth Program လို့ နံမည်ပေးထားတဲ့ အစီစဉ်ဟာ နော်ဝေ
ကိုရောက်ရှိနေတဲ့ မြန်မာလူငယ် တွေရဲ့ ဗုဒ္ဓဓမ္မ အသိပညာ တိုးတက်ဖို့ နဲ့  
အသင်းမှာလူငယ်တွေရဲ့ပူးပေါင်း ပါဝင်လိုတဲ့ စိတ်တွေဖြစ်ပေါ်စေဖို့ အတွက်
လည်း ဖြစ်တယ်လို့ အသင်း ဥက္ကဌ ဦးမြင့်အောင်က ပြောပါတယ်။ “ ခု ကျနော်တို့ 
အသင်းကော်မတီ ကနေပြီးတော့ ဒီ Dhamma for Youth Program ကို ရေးဆွဲ
ရတဲ့ ရည်ရွယ်ချက်ကတော့ကျနော်တို့ အသင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အသင်း
သားများ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်တဲ့ အသိပညာတွေ တိုးပွားဖို့ ဆိုတဲ့ရည်ရွယ်ချက်
ကို အကောင်အထည်ဖေါ်တာလည်း ဖြစ်သလို အသင်းမှာ လူငယ်တွေရဲ့ ပူးပေါင်း
ပါဝင် စေဖို့ အတွက် လည်းဖြစ်ပါတယ်။ အခု ကျနော်တို့နော်ဝေမှာ ဆယ်စုနှစ် 
တနှစ်ကျော်အခြေချနေထိုင်လာပြီးတဲ့ အခါမှာမြန်မာ လူငယ်တွေဟာ 
ဘာသာစကားအရပဲဖြစ်ဖြစ်၊ပညာရပ်ဆိုင်ရာတွေမှာပဲဖြစ်ဖြစ် တစုံတရာ ခရီးကို 
ရောက်ရှိ နေ ကျပါပြီ။ ဒါဟာ အပေါင်းလက္ခဏာဆာင်တဲ့ အောင်မြင်မှုတွေဖြစ်သလ…
ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အခန်းအနားကို မေလ (၂၀) ရက်နေ့တွင် ကျင်းပမည်။
ယခုနှစ်အတွက် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အခန်းအနားကို မေလ (၂၀) ရက်နေ့တွင် အသင်း ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်သည်။
မြန်မာနှစ်အရ ကဆုန်လပြည့်နေ့သည် မနက်ဖြန်တွင်ကျရောက်မည်ဖြစ်သော်လည်း အဘယ့်ကြောင့် (၂၀)ရက်မှကျင်းပရခြင်းအကြောင်းကို အသင်း ဥက္ကဌ ဦးမြင့်အောင်မှ ရှင်းပြရတွင် " မနက်ဖြန်ဟာ ကဆုန်လပြည့်နေ့ ဖြစ်ပေမယ့် ကျနော်တို့ မေလ (၂၀) ရက်နေ့မှ ကျင်းပဖြစ်တာကတော့ အဲဒီ Uka က နော်ဝေရုံးပိတ်ရက်ရှည်ဖြစ်တယ်။ အဲတော့ တနင်္ဂနွေနေ့ လပြည့်နေ့ပွဲလာတဲ့ အသင်းသားတွေ တနင်္လာနေ့မှာ အေးဆေး အနားယူလို့ရတယ်။ အားလုံးပေါ့ပေါ့ ပါးပါးဖြစ်မယ့်ရက်ကို ရွေးချယ်တာပါ " ဟု ဆိုပါသည်။
မနက်ဖြန် ဘုန်းကြီးကျောင်းတွင် လာရောက် ကုသိုလ်ယူလိုသည့် အသင်းသားများ လာရောက်လိုပါက လာရောက်နိုင်ပြီး အသင်းနာယကဆရာတော် သတင်းသုံးရှိနေမည်ဖြစ်သည်။
ကဆုန်လပြည့်နေ့ အခန်းအနားအစီစဉ်ကို မကြာမီ အသေးစိတ်ထုတ်ပြန်ပါမည်။
နှုတ်မဆက်ခဲ့သော ညတစ်ည
Image
Photo - internet  နှုတ်မဆက်ခဲ့သော ညတစ်ည *********************** အို ချစ်သောနှမ ဘဒ္ဒကစ္စနာ... အတိတ်တွေက သချာင်္လွန် ညွှန်စရာလည်း ဂဏန်းမရှိ ဘယ်ထိအောင်တွေးတွေး ရှေးလွန်လေသမျှ လေးအသချေင်္မကအောင်ပေါ့....
ကမ႓ာပေါင်းအလီလီမှာ ဘဝပေါင်းမရေနိုင်အောင် ပါရမီတွေဖြည့်ဆီး သံသရာခရီးမှာ လက်တွဲခဲ့ဖူးသူမို့ သင်ကျေးဇူးတွေကို ဥပေက္ခာပြုလို့တော့ မဟုတ်ဘူးယသော်ဓရာ...
ဆုံခဲ့တဲ့အတိတ်တိုင်း ဘဝကိုအကာနဲ့မပိုင်းခဲ့သလို အလွှာနဲ့လည်း မနှိုင်းခဲ့ဘူး ဘာနဲ့မှတံတိုင်း မခတ် စိတ်ဓာတ်နဲ့ လက်တွဲ ဆင်းရဲလည်း မကွာ ချမ်းသာလည်း တကွ တောရပဲခေါ်ခေါ် မြို့ပြပဲပျော်ပျော် နောက်တော်ပါးက တစ်ဖဝါးမခွာ အနားမှာအတူရှိ ငါသိပါတယ် ယသော်ဓရာ...
သို့ပေမယ့် ယသော်ဓရာ