
DHARMA
Buddhism, dharma means "cosmic law and order", and is also applied to the teachings of Buddha.
ကာလာမသုတ်
ဘုရားရှင်သည် နယ်စပ်ရွာကြီးတစ်ရွာဖြစ်ေ သာ ကေသမုတ္တိရွာကြီးသို့ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင်ဘုရားရှင်အရှေ့ဦးစွာတိတ္ထိ ပုဂ္ဂိုလ်(၆) ဦးမှ ငါဟောတာယုံ၊ သူများပြောတာမယုံနဲ့ဆိုပြီးမှားယွင်းသော အယူဝါဒများစွာကို ဟောကြားခဲ့ပြီးဖြစ်လို့ ရွာသားများအားလုံး အယူဝါဒနဲ့ ပတ်သက် ပြီး တွေဝေနေကြသောအချိန်တွင် ဘုရားရှင်မှ ကေသမုတ္တိသုတ်ကို ဟော တော်မူခဲ့သည်။ ၎င်းသုတ္တန်သည် ယနေ့ကမဘပေါ်တွင် ရှိသမျှသော အတွေး အခေါ်ပညာရှင်ကြီးများအားလုံးမှ အထူးလေးစားဆုံးနှင့် ချီးမွမ်းရဆုံးသော သုတ္တန်တစ်ခု ဖြစ်ခဲပြီး --- (၁) The Bravest Announcement အရဲရင့်ဆုံးသော ကြွေးကြော်သံ ်(၂) The Freedom of Thought အတွေးအခေါ်ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် တွေးနိုင်ခြင်းဖြစ် ကြောင်း မှတ်တမ်းတင်ဂုဏ် ယူနေသော သုတ္တန် ဖြစ်ပေသည်။
၎င်းသုတ္တန်တွင် အချက် (၁၀)ချက်ကိုပြခဲ့ပြီး၎င်း (၁၀)ချက်ကို အလွယ်တကူ လက်ခံ ယုံ ုကြည်ခြင်းမပြုဘဲ ခေတ္တထားပြီး သေချာစီစစ်ပြီးမှ ယုံရန်ဖြစ်သည်။ (၁) ဆင် ့ - တစ်ဆင့်စကားပြောလာ သောစကားကို မယုံနဲ့အုံး၊ (၂) ကော - ကောလဟာလ စကားကို ုလည်း မယုံနဲ့အုံး၊ (၃) စာ - စာအုပ်ထဲကပြောတိုင်းလည် းမယုံနဲ့အုုံး၊ (၄) စဉ်- အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်းမယုံနဲ့အုံး၊ (၅) ကူး- ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး၊ (၆) တွေး -အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊ (၇) ဆင် -ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး၊ (၈) ငါ့ -ငါ့အယူဝါဒသာ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊ (၉) လေး - လေးစားကြည်ညိုထိုက် သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး၊ (၁၀) ရာ -ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။ မည်သည် ့အယူဝါဒဖြစ်စေ ကိုယ်တိုင် သာလျှင် သိအောင်လုပ်ကြ ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှား / မှန် ၊ဆိုး /ကောင်းကို ကိုယ်တိုင် သိမြင်ပြီးမှ လက်ခံ ယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။
(ကျေးဇူးတော်ရှင် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ "အနာဂတ် သာသနာရေ း "စာအုပ်မှာ ဆရာတော် ပြန်ဆိုထားတဲ့အတိုင်း ကူး ယူထားတာပါ။)
နှုတ်မဆက်ခဲ့သော ညတစ်ည
***********************
အို ချစ်သောနှမ ဘဒ္ဒကစ္စနာ...
အတိတ်တွေက သချာင်္လွန်
ညွှန်စရာလည်း ဂဏန်းမရှိ
ဘယ်ထိအောင်တွေးတွေး
ရှေးလွန်လေသမျှ
လေးအသချေင်္မကအောင်ပေါ့....
ကမ႓ာပေါင်းအလီလီမှာ
ဘဝပေါင်းမရေနိုင်အောင်
ပါရမီတွေဖြည့်ဆီး
သံသရာခရီးမှာ လက်တွဲခဲ့ဖူးသူမို့
သင်ကျေးဇူးတွေကို
ဥပေက္ခာပြုလို့တော့
မဟုတ်ဘူးယသော်ဓရာ...
ဆုံခဲ့တဲ့အတိတ်တိုင်း
ဘဝကိုအကာနဲ့မပိုင်းခဲ့သလို
အလွှာနဲ့လည်း မနှိုင်းခဲ့ဘူး
ဘာနဲ့မှတံတိုင်း မခတ်
စိတ်ဓာတ်နဲ့ လက်တွဲ
ဆင်းရဲလည်း မကွာ
ချမ်းသာလည်း တကွ
တောရပဲခေါ်ခေါ် မြို့ပြပဲပျော်ပျော်
နောက်တော်ပါးက တစ်ဖဝါးမခွာ
အနားမှာအတူရှိ
ငါသိပါတယ် ယသော်ဓရာ...
သို့ပေမယ့် ယသော်ဓရာ
အဝိဇ္ဇာဘောင်တွင်း
တဏှာသံခြေကျင်းတွေနဲ့
ကိလေသာအတင်းမှောင်တဲ့
အတ္တအကျဉ်းထောင်ထဲမှာနေရသမျှ
သင်ရောငါရော
ခန္ဓာရဲ့ဒုက္ခသဘောတွေကို
ဖောဖောသီသီကြီးခံခဲ့ရပြီးပြီပဲ....

သုညနဲ့သုည
မြှောက်ချင်မြှောက် ပေါင်းချင်ပေါင်း
ရလဒ်တွေကပြောင်းလာမှာမဟုတ်သလို
သံသရာထဲက ခန္ဓာတွေဓာတ်ခွဲကြည့်ရင်
အိုနာသေကွဲဆိုတဲ့အဖြေတွေက
မပြောင်းလဲခဲ့ဘူးမဟုတ်လား
ဒါကြောင့်...
ခန္ဓာရဲ့တစ်ဖက်ကမ်း
အလွမ်းရဲ့နိဂုံး
သောကတို့ကုန်ဆုံးရာ...
အိုနာသေ စခန်းလွန်တဲ့
အမတလမ်းစဉ်ကို ဖွေရှာဖို့
ဥရုဝေလာကို
ဒီညပဲတောထွက်ရတော့မယ်..
နှုတ်မဆက်သော လမ်းခွဲညမို့
ကျန်ခဲ့သူ ရုတ်တရက်ဝမ်းနည်းရမယ်ဆိုတာ
မသိလို့တော့ မဟုတ်ပါကော..
အိပ်မောကျရာမှ နိုးထခဲ့ရင်
စိတ်သောကတွေနဲ့ ညှိုးလျပြီး
အတိုးချကာ ငိုချင်ငိုလိုက်ပေါ့..
သင်ငိုသမျှ သောကဆွေးရတက်အစဉ်ဟာ
တစ်ချိန်ကျရင် လောကအတွက်
ဆေးဖက်ဝင်မျက်ရည်ဖြစ်မှာပါလေ..
အခုတော့...
မခေါ်သာ ထားရစ်ခဲ့ပြီမို့
အတော်ကြာ ဘုရားဖြစ်မှပဲ
သားချစ်နဲ့အတူ
တရားအစစ်တွေနာယူဖို့
အားသစ်တွေထူကာ..
ကျန်ခဲ့ပေအုံးပေါ့ ယသော်ဓရာ.......
ပုလဲသွေး...
.